Ecclesiastes 2:21
အကြောင်း မူကား၊ ပညာရှိ လျက် သိပ္ပံ အတတ် နှင့် ပြည့်စုံလျက် ၊ အမှု အောင်လျက် ကြိုးစား အားထုတ်သော သူ ဖြစ် သော်လည်း ၊ မ ကြိုးစား ၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့် ထားရမည်။ ထို အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ဆိုး သောအမှုဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 31:20ထိုသို့ ဟေဇကိ သည် ယုဒ ပြည်တရှောက်လုံး တွင် စီရင် ၍ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သောအမှု၊ သမ္မာ တရား အမှုတို့ကို ပြု တော်မူ၏။
2 Chronicles 34:2ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ ၊ လက်ျာ ဘက်လက်ဝဲ ဘက်သို့ မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သောလမ်း သို့ လိုက် လေ၏။
2 Chronicles 36:5ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
Psalms 49:11မိမိ တို့အိမ် သည် ထာဝရ ဖြစ်လိမ့်မည်။ မိမိ တို့ နေရာ လည်း လူမျိုး အစဉ်အဆက်တည်လိမ့်မည်။ မိမိ တို့ နာမ သည် မြေ ပေါ် မှာ ကျော်စော လိမ့်မည်ဟု သူ တို့ စိတ် ထင်ရှိကြ၏။
Ecclesiastes 9:18ပညာ သည် စစ် လက်နက် ထက် သာ၍ကောင်း မြတ် ၏။ ဒုစရိုက် ကိုပြုသောသူသည်လည်း ၊ ကောင်း သော အမှုအများ ကို ဖျက်ဆီး တတ်၏။
Jeremiah 22:17သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။