Ecclesiastes 3:12
ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ၏။
1835 Judson Burmese Bible
In The King James Version
I know that there is no good in them, but for a man to rejoice, and to do good in his life.
In Context
Cross References
Psalms 37:3ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့် ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။
Ecclesiastes 3:22လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။
Ecclesiastes 9:7သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
Isaiah 64:5ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော။
Acts 20:35ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊
1 Thessalonians 5:15သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။