Ecclesiastes 4:9
လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။
1835 Judson Burmese Bible
In The King James Version
Two are better than one; because they have a good reward for their labour.
In Context
10တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
Cross References
Exodus 4:14ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
Ruth 2:12သင့်အမှု၏အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော။ သင်သည်အတောင်တော်အောက်၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
Proverbs 27:17သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။
Mark 6:7တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့် ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၍၊
Acts 13:2ထိုသူတို့သည်သခင်ဘုရား ဝတ်ကိုပြု၍ အစာကို ရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော် မူသည် အတိုင်း၊
1 Corinthians 12:18ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါများအသီးသီးတို့ကို ကိုယ်၌စီရင် ခန့်ထားတော်မူ၏။