Ecclesiastes 6:12
အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူပြော နိုင်သနည်း။
1835 Judson Burmese Bible
In The King James Version
In Context
11အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။
Cross References
Job 8:9ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
Job 14:21သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။
Psalms 16:5ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။
Psalms 39:5အကျွန်ုပ်အသက်တာကို တမိုက်မျှသာ ခန့်ထား တော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှ မဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူမည်သည် ကား၊ လူ၏အထွဋ်သို့ ရောက်သော်လည်း၊ အနတ္တသက် သက်ဖြစ်ပါ၏။
Psalms 89:47အကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း၊ အောက်မေ့တော်မူပါ။
Psalms 102:11အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။