Ecclesiastes 7:10
ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။
1835 Judson Burmese Bible
In The King James Version
In Context
9အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
11ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။
Cross References
Genesis 6:11ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
Psalms 14:2နားလည်သောသူ၊ ဘုရားသခင်ကိုရှာသော သူတစုံတယောက်ရှိ သည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။
Jeremiah 44:17ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ် တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူး သကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာ စွာ နေရကြ၏။
Romans 3:9ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။