Ecclesiastes 8:1
အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
2ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။
Cross References
Genesis 40:8သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
Genesis 41:38ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။
Exodus 34:35သူ၏မျက်နှာအရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင်၊ တဖန် အထဲသို့ ဝင်၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာကို ဖုံးအုပ်ပြန်၏။
Job 33:23သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊
Proverbs 4:8သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင်၊ ဂုဏ်အသရေ ကို ပေးလိမ့်မည်။
Proverbs 17:24ဉာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။