Ephesians 4:28
ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။
1835 Judson Burmese Bible
In The King James Version
In Context
27အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
Cross References
Exodus 20:17ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
Job 34:32အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော။
Proverbs 14:23ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
Proverbs 30:9သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
Hosea 4:2ကျိန်ဆဲခြင်း၊ မုသာစကားကို ပြောခြင်း၊ လူ အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။
Luke 3:8နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို၏။