Esther 5:11
မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Esther 1:4ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။
Esther 9:7ယုဒအမျိုး၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
Esther 9:12ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒ လူတို့သည် ရှုရှန် မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလိုရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ်ဆိုကို တောင်းချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
Job 31:24ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊
Psalms 49:7မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကိုဘုရားသခင်၌ မပေးနိုင်။
Psalms 52:9ကိုယ်တော်စီရင်တော်မူသောကြောင့်၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်။