Esther 7:4
ကျွန်တော် မနှင့် ကျွန်တော် မအမျိုးသား ချင်း တို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ခြင်းငှါ ရောင်း ပါပြီ။ ကျွန် ယောက်ျား ကျွန် မိန်းမဖြစ်စေခြင်းငှါ ရောင်း လျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကိုပေး နိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 28:68ထိုလမ်း ကို နောက် တဖန် သင် မ မြင် ရဟု မိန့် တော်မူသော လမ်းဖြင့် ထာဝရဘုရား သည် တဖန် သင့် ကို အဲဂုတ္တု ပြည်သို့ သင်္ဘော နှင့် ပို့ဆောင် တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန် ယောက်ျား၊ ကျွန် မိန်းမဖြစ်စေ ခြင်းငှာရန်သူ တို့၌ ရောင်း ကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှသင့်ကို မ ဝယ် လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။
1 Samuel 22:23ငါ နှင့်အတူ နေ ပါလော့။ မ စိုးရိမ် နှင့်။ ငါ့ အသက် ကို ရှာ သော သူသည် သင့် အသက် ကိုရှာ ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ် ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
Esther 3:9ကိုယ်တော် သဘော တူလျှင် ထို အမျိုးကို ဖျက်ဆီး စေဟု အမိန့် ရှိတော်မူပါ။ ထိုအမှု ကို ဆောင်ရွက် သောသူတို့ သည် ဘဏ္ဍာ တော်တိုက်ထဲ သို့ ငွေ အခွက် တသိန်း ကို သွင်း စေခြင်းငှါ ၊ ကျွန်တော်အပ် ပေးပါမည် ဟု လျှောက်လေ၏။
Esther 4:7မော်ဒကဲ သည် မိမိ ၌ရောက် သော အမှုရှိသမျှ ကို ၎င်း၊ ဟာမန် သည် ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာ တော်တိုက်ထဲ သို့ သွင်းပါမည်ဟု ဂတိ ထားကြောင်း ကို၎င်းကြားပြော လျက်၊
Esther 8:6ကျွန်တော် မအမျိုး အပေါ်သို့ ရောက် ရသော ဘေး ကို၎င်း၊ ကျွန်တော် မအမျိုးသား ချင်းပျက်စီးသောအမှု ကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှု ခြင်းငှါ၊ အဘယ်သို့ တတ်နိုင် ပါအံ့နည်းဟု လျှောက် ဆို၏။
Psalms 44:22အကယ် စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့ သည် အစဉ် မပြတ်အသေသတ် ခြင်းကိုခံရကြပါ၏။ သတ် ဘို့ရာထားသောသိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ် တတ်ကြပါ၏။