Esther 7:9
မိန်းမစိုး ဟာဗောန ကလည်း ၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန် လုပ် ၍ အတောင် ငါးဆယ် မြင့် သော လည်ဆွဲ ချတိုင်သည်၊ ဟာမန် အိမ် ၌ စိုက် ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင် မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 17:51ထိုအခါ ဒါဝိဒ် သည် ထား မ ပါသောကြောင့် ပြေး ၍ ဖိလိတ္တိ လူကို နင်း လျက် ၊ သူ ၏ ထား ကို ထားအိမ် မှ နှုတ် ဆွဲပြီးလျှင် လည်ပင်း ကို ဖြတ် ၍ အပြီးသတ်လေ၏။ ဖိလိတ္တိ လူတို့သည် သူ တို့၏ သူရဲ သေ ကြောင်း ကို မြင် သောအခါ ပြေး ကြ၏။
Esther 5:14ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။
Esther 6:14ထိုသို့ပြောဆို စဉ် တွင်၊ နန်းတော်မိန်းမစိုး တို့သည် လာ ၍ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် ကို အလျင် အမြန် ခေါ် သွားကြ၏။
Esther 9:14ရှင်ဘုရင် မိန့် တော်မူ၍ ရှုရှန် နန်းတော်၌ အမိန့် တော်ကို ထုတ် ပြီးမှ ၊ ဟာမန် သား တကျိပ် ကို ဆွဲ ထား ကြ၏။
Job 27:20ထသောရေ ကဲ့သို့ ဘေးဥပဒ် တို့သည် သူ့ ကိုလိုက်တတ်၏။ ညဉ့် အခါ မိုဃ်းသက် မုန်တိုင်းတိုက် သွား တတ်၏။