Esther 9:19
မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
20တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။
Cross References
Deuteronomy 3:5ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါး များ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
Deuteronomy 16:11သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
Nehemiah 8:10သွားကြလော့၊ မြိန်စွာသော အစာကိုစားကြ လော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
Esther 9:22သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။
Zechariah 2:4သင်သည် ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန် များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။
Revelation 11:10မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။