Esther 9:31
ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
30ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊
32ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။
Cross References
Esther 4:16ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။