ထွက်မြောက်ရာကျမ်း 1:21
ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
And it came to pass, because the midwives feared God, that he made them houses.
In Context
Read all of ထွက်မြောက်ရာကျမ်း 1
Cross References
1 Samuel 25:28ကိုယ်တော် ၏ ကျွန် မအပြစ် ကို သည်းခံ တော်မူပါ။ ကျွန်မ သခင် သည် ထာဝရဘုရား ဘက်မှာ စစ်တိုက် သောကြောင့် ၎င်း၊ တသက်လုံး ကိုယ်တော် ၌ အပြစ်တင် စရာ အခွင့်မ ရှိ သောကြောင့်၎င်း၊ ထာဝရဘုရား သည် ကျွန်မ ၏သခင် အဘို့ ခိုင်ခံ့ မြဲမြံသော အိမ် ကို တည်ဆောက် တော်မူလိမ့်မည်။
2 Samuel 7:27အကြောင်း မူကား၊ ဣသရေလ အမျိုး၏ ဘုရား သခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် က၊ သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ဤ ပဌနာ ကို ရှေ့တော်၌ ပြုချင်သောစိတ် ရှိ ပါ၏။
1 Kings 11:38သင်သည် ငါမှာထား သမျှ ကို နားထောင် ၍၊ ငါ့ ကျွန် ဒါဝိဒ် ပြု သကဲ့သို့ ငါ ၏လမ်း တို့သို့ လိုက် လျက် ၊ ငါ့ ရှေ့ ၌ မှန် သောတရား၊ ငါ စီရင်ချက် ပညတ် များကို စောင့်ရှောက် လျှင် ၊ သင် နှင့်အတူ ငါရှိ ၍ ဒါဝိဒ် အဘို့ မြဲမြံ သောအိမ် ကို ဆောက် သည်နည်းတူ ၊ သင့် အဘို့ ဆောက် ၍ ဣသရေလ နိုင်ငံကို ငါပေး မည်။
Psalms 112:1ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ ပညတ် တော်တို့ ၌ အလွန် မွေ့လျော် သောသူသည် မင်္ဂလာ ရှိ၏။
Psalms 127:3ဘွား မြင်သော သား သမီးတို့သည်ထာဝရဘုရား ဆု ချ၍ ပေးသနားတော်မူသောအမွေ ဥစ္စာဖြစ်ကြ၏။
Ecclesiastes 8:12အဓမ္မ လူသည် အကြိမ်တရာ တိုင်အောင်အဓမ္မ အမှုကိုပြု ၍ ၊ အသက် တာရှည်သော်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်း သောအကျိုးကိုခံရ ကြမည်ဟု ငါ အမှန် သိ ၏။