ထွက်မြောက်ရာကျမ်း 11:3
သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တု လူတို့သည် ပေးချင်သောစေတနာ စိတ်ကို ထာဝရဘုရား ဖြစ် စေ တော်မူ၏။ မောရှေ သည်လည်း ၊ အဲဂုတ္တု ပြည် တွင် ဖာရော ဘုရင်၏ ကျွန် များ၊ လူ များရှေ့ ၌ ကြီးစွာ သော အသရေ ရှိလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 11
Cross References
Genesis 39:21သို့သော်လည်း ထာဝရဘုရား သည် သူ့ ဘက် ၌ ရှိ၍ ကယ်မသနား တော်မူသဖြင့် ၊ ထောင် မှူး ထံ မျက်နှာ ရစေ တော်မူ၏။
Exodus 12:36တောင်း သည်အတိုင်းလည်း၊ ပေးချင်သောစေတနာ စိတ်ကို အဲဂုတ္တု လူတို့အား ထာဝရဘုရား ပေး တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ ဥစ္စာများကို လုယူ ကြ၏။
Joshua 4:14ထို နေ့ ၌ ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ယောရှု ကို ချီးမြှင့် တော်မူ၍ ၊ သူတို့ သည် မောရှေ ကို ကြောက်ရွံ့ သကဲ့သို့ ယောရှု ကိုလည်း သူ ၏အသက် တည်သည် ကာလ ပတ်လုံး ကြောက်ရွံ့ ကြ၏။
Esther 9:4အကြောင်း မူကား၊ မော်ဒကဲ သည် နန်းတော် တွင် ဘုန်း ကြီးလျက် ၊ အတိုင်း တိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား ၍၊ တနေ့ထက် တနေ့ကြီး မြင့်ရာသို့ ရောက် သတည်း။
Isaiah 60:14သင့် ကို ညှဉ်းဆဲ သောသူတို့ ၏သား တို့သည် သင့် ထံသို့ လာ ၍ ဦးချကြလိမ့်မည်။ သင့် ကို မထီမဲ့မြင် ပြုသောသူအပေါင်း တို့သည် သင် ၏ခြေ ရင်း၌ ဝပ် နေကြ လိမ့်မည်။ ထာဝရဘုရား ၏မြို့ ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ဇိအုန် မြို့ဟူ၍၊ သင့် ကို သမုတ် ကြလိမ့်မည်။
Revelation 3:9ငါ ၏နာမ ကိုလည်း မ စွန့် မပယ်။ ယုဒ လူ ဖြစ် ယောင်ဆောင်၍ အမှန် မ ဟုတ်ဘဲ ၊ မုသာ စကားကိုပြော သောသူတည်းဟူသော၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေး မည်။ သူ တို့သည်လာ ၍ သင် ၏ခြေ ရင်း၌ ပြပ်ဝပ် စေခြင်းငှာ ၎င်း ၊ ငါ သည်သင့် ကို ချစ် သည်ဟု သိ စေရခြင်းငှာ ၎င်း ငါပြု မည်။