ထွက်မြောက်ရာကျမ်း 12:11
အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
10နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Exodus 12:13သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။
Exodus 12:27ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။
Leviticus 23:5ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
Numbers 28:16ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
Deuteronomy 16:2ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည်။
2 Kings 23:21တဖန်ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ ၌လာသည်အတိုင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား အား ပသခါပွဲကို ဆောင်ကြလော့ဟု လူအပေါင်းတို့ကို မိန့်တော်မူ၏။