ထွက်မြောက်ရာကျမ်း 12:23
အကြောင်းမူကား၊ ထာဝရဘုရား သည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ခြင်းငှာ ထုတ်ချင်းခတ်သွား တော်မူမည်။ တံခါးထုပ် နှင့် တံခါးတိုင် နှစ် ဘက်၌ ရှိသောအသွေး ကို မြင် သောအခါ ၊ ထာဝရဘုရား သည် တံခါး ကို လွန် သွားတော်မူမည်။ ဖျက်ဆီး သောသူသည် သင်တို့ကို ဒဏ်ခတ် ခြင်းငှာ ၊ အိမ် ထဲ သို့ဝင် ရသောအခွင့် ကိုပေး တော်မ မူ။
မြန်မာကျမ်းစာ
In The King James Version
In Context
24သင် တို့နှင့် သင် တို့၏သား များ၌ ပညတ် တော်ရှိသည်ဖြစ်၍၊ ဤ အမှု ကို အစဉ်အမြဲ စောင့် ရကြမည်။
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Exodus 12:12အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
2 Samuel 24:16ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။
Isaiah 37:36ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိ တပ် တွင် လူတသိန်း ရှစ် သောင်း ငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင် ဖြစ်ကြ၏။
Ezekiel 9:6အသက်ကြီး သောသူ၊ အသက် ငယ်သောသူ၊ အပျိုမ ၊ သူငယ် ၊ မိန်းမ တို့ကို ရှင်းရှင်းသတ် ကြလော့။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။
Hebrews 11:28သားဦး များကို ဖျက်ဆီး သောသူ သည် ဣသရေလ လူတို့ကို ဒဏ် မ ခတ်စေခြင်းငှာ ၊ ယုံကြည် ခြင်းအားဖြင့်ပသခါ ပွဲကို၎င်း ၊ အသွေး ဖြန်းဆွတ် ခြင်းကို၎င်း စောင့် လေ၏
Revelation 7:3ငါ တို့ဘုရားသခင် ၏ ကျွန် တို့ကိုနဖူး ၌ တံဆိပ် မ ခတ်မှီ တိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင် တို့ကို မ ညှင်းဆဲ ပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။