ထွက်မြောက်ရာကျမ်း 12:27
ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
26သင်တို့၏ သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊
28ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ၏။
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Exodus 12:11အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
Exodus 13:8ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏ဟု ထိုနေ့၌ သားမြေးတို့အား ကြားပြောရမည်။
Exodus 34:25ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင် မကြွင်းစေရ။
Deuteronomy 16:5သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့် ရှိသည်မဟုတ်။
2 Chronicles 20:18ယောရှဖတ်သည် မြေပေါ်မှာဦးချ၍ ယုဒပြည် သူယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ပြပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ် ကြ၏။
Nehemiah 8:6ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။