ထွက်မြောက်ရာကျမ်း 12:3
သင်တို့သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို မှာ ထားရသောစကားဟူမူကား၊ ဤ လ ဆယ် ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင် အသီးအသီး အတိုင်း တအိမ်ထောင် လျှင် သိုးသငယ် တကောင်စီ ယူ ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
2ဤ လ သည် သင် တို့၌ လဦး တည်းဟူသောနှစ် စဉ်တွင် ပဌမ လ ဖြစ်ရမည်။
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Genesis 22:8အာဗြဟံ က ငါ့ သား ၊ ယဇ် ရှို့စရာဘို့ သိုးသငယ် ကို ဘုရားသခင် သည် မိမိ အဘို့ ပြင်ဆင် တော်မူလိမ့်မည်ဟု ဆို လေ၏။
Exodus 6:6ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။
Exodus 14:15ထာဝရဘုရား ကလည်း ၊ အဘယ်ကြောင့် ငါ့ ကို အော်ဟစ် သနည်း။ ဣသရေလ အမျိုးသား တို့သည် တက်သွား စေခြင်းငှာ မှာ လိုက်လော့။
Leviticus 1:2သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။
Numbers 1:1ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ဒုတိယ လ ၊ ပဌမ နေ့၌ သိနာ တော တွင် ပရိသတ်စည်းဝေး ရာ တဲ တော်မှာ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
Joshua 7:14နက်ဖြန်နံနက် ၌ သင် တို့သည် အမျိုးအနွယ် အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသော အမျိုး သည်၊ အဆွေအမျိုး အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအမျိုး သည်၊ အိမ်ထောင် စုံနှင့် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအိမ်ထောင် သည် လူ အသီးသီးချဉ်းကပ် ရကြမည်။