ထွက်မြောက်ရာကျမ်း 14:25
သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
24နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။
Read all of ထွက်မြောက်ရာကျမ်း 14
Cross References
Exodus 15:3ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။
Deuteronomy 3:22ထိုသူတို့ကို မကြောက်နှင့်။ ငါ၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။
Judges 4:15ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့် ပြေးလေ၏။
2 Chronicles 20:29ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူ တို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။
Nehemiah 9:11သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။
Job 20:24သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။