ထွက်မြောက်ရာကျမ်း 15:9
ရန်သူက၊ ငါလိုက်မည်။ သူတို့ကို မှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကို အိမ်မှ ထုတ်၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 15
Cross References
Exodus 14:5ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အား ကြားရှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ် ဖောက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့် လွှတ်ရသနည်းဟု ပြောဆိုကြ၏။
Judges 5:30သူတို့သည် တွေ့၍ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရဘို့ ပန်းဆိုးသော အဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
1 Kings 20:10တဖန်ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်း တို့တွင်၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက် လေသော်၊
Isaiah 36:20ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ် မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့ လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။
Habakkuk 3:14ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ၏။