ထွက်မြောက်ရာကျမ်း 16:23
သူကလည်း၊ နက်ဖြန် နေ့သည် ထာဝရဘုရား ရှေ့ ၌ သန့်ရှင်း သောဥပုသ် နေ့၊ ငြိမ်ဝပ် စွာနေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်း ချင်သည်အတိုင်း ပေါင်း ကြလော့။ ပြုတ် ချင်သည်အတိုင်း ပြုတ် ကြလော့။ ကျန် သောအရာ ကို နံနက် တိုင်အောင် စောင့် ၍ သို ထားကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
24မောရှေ မှာ ထားသည်အတိုင်း ၊ နံနက် တိုင်အောင် သို ထားကြ၏။ နံ ခြင်းနှင့် ကင်းလွတ် ၏။ ပိုး လည်း မ ရှိ။
Read all of ထွက်မြောက်ရာကျမ်း 16
Cross References
Exodus 20:8ဥပုသ် နေ့ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက် ကို အောက်မေ့ လော့။
Exodus 31:15ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ သည် ထာဝရဘုရား အား သန့်ရှင်း ၍ ငြိမ် ရသောဥပုသ် နေ့ဖြစ်၏။ ဥပုသ် နေ့ ၌ အလုပ် လုပ် သောသူမည်သည်ကား၊ ဧကန်အမှန် အသေ ခံရမည်။
Leviticus 23:3ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် ငြိမ်ဝပ် စွာနေရသော ဥပုသ် နေ့၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို နေ့၌ သင်တို့သည် အလုပ် မ လုပ် ရကြ။ သင် တို့နေရာ အရပ် ရပ်၌ ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ်၏။
Numbers 11:8လူ များတို့သည်လှည့်လည် လျက် မန္နကိုစုသိမ်း ၍ ဆုံ ၌ ကြိတ် ခြင်း၊ ထောင်း ခြင်းကိုပြုပြီးမှ အိုး နှင့် ပြုတ် ကြ၏။ မုန့်ပြား ကိုလည်း လုပ် ကြ၏။ အရသာ သည် မုန့်ဆီကြော် အရသာ နှင့် တူ၏။
Luke 23:56ထိုနောက်မှပြန်သွား ပြီးလျှင်ဆီမွှေး နှင့် နံ့သာမျိုး ကို ပြင်ဆင် ၍ ပညတ် တော်အတိုင်း ဥပုသ်နေ့ ၌ အလုပ်မလုပ်ဘဲ နေ ကြ၏။