ထွက်မြောက်ရာကျမ်း 16:8
တဖန် လည်းမောရှေ က၊ ထာဝရဘုရား သည် ညဦး ယံ၌ သင် တို့စား စရာအမဲသား ကို၎င်း ၊ နံနက် ယံ၌ ဝ လောက်အောင် မုန့် ကို၎င်းပေး တော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည်။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော အသံကို ထာဝရဘုရား ကြား တော်မူပြီ။ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်း။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော စကားသည်၊ ငါ တို့ကို မ ထိ မခိုက်၊ ထာဝရဘုရား ကို ထိခိုက် သည်ဟု ဆို လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 16
Cross References
Exodus 16:9တဖန် သင် တို့သည် အပြစ်တင်လျက်၊ မြည်တမ်း သောအသံကို ထာဝရဘုရား ကြား တော်မူသည် ဖြစ်၍ ၊ အထံ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို လော့ဟု အာရုန် ကို မှာ ထားသည်အတိုင်း ၊
Numbers 11:18သင်သည်လည်း လူ များတို့အား ဆင့်ဆို ရမည်မှာ၊ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စင်ကြယ်လော့။ အမဲသား ကိုစား ရကြမည်။ သင်တို့က အဘယ်သူသည် ငါ တို့ အား အမဲသား ကိုပေး လိမ့်မည်နည်း။ အဲဂုတ္တု ပြည်၌ နေစဉ်၊ ငါ တို့သည် ချမ်းသာ စွာနေကြ၏ဟု ငိုကြွေး လျက် ပြောဆို သံကို ထာဝရဘုရား ကြား သောကြောင့်၊ အမဲသား ကိုပေး တော်မူသဖြင့် သင်တို့သည် စား ရကြမည်။
Numbers 21:7ထိုကြောင့် လူ များတို့သည် မောရှေ ထံသို့ လာ ၍ အကျွန်ုပ်တို့သည် ထာဝရဘုရား နှင့် ကိုယ်တော် ကို ဆန့်ကျင် လျက် ပြောဆို၍ ပြစ်မှား ပါပြီ။ ထာဝရဘုရားသည် မြွေ များကို အကျွန်ုပ် တို့မှ ပယ်ရှား တော်မူမည်အကြောင်းဆုတောင်း ပါဟု လျှောက်လျှင်၊ မောရှေ သည် လူ များအဘို့ ဆုတောင်း လေ၏။
Isaiah 32:6အကြောင်း မူကား၊ ယုတ် သောသူသည် လျို့ဝှက်လျက်၊ ထာဝရဘုရား ကို နှုတ် ဖြင့်ပြစ်မှား လျက် ၊ မွတ်သိပ် သောသူကို သာ၍ဆင်းရဲ စေခြင်းငှါ ၎င်း၊ ရေငတ် သောသူကို ရေ မ သောက်စေခြင်းငှါ၎င်း၊ ယုတ် သောစကားကို ပြော ၍ မကောင်း သောအကြံ ကိုကြံ လေဦးမည်။
Matthew 9:4ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။
Luke 10:16သင် တို့၏စကားကို နားထောင် သောသူ သည် ငါ့ စကားကို နားထောင် ၏။ သင် တို့ကို ပယ် သောသူ သည် ငါ့ ကိုပယ် ၏။ ငါ့ ကိုပယ် သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို ပယ် သည် ဟု မိန့်တော်မူ၏။