ထွက်မြောက်ရာကျမ်း 18:21
ထိုမှတပါး ဘုရား သခင်ကို ကြောက်ရွံ့ လျက်၊ သစ္စာ နှင့်ပြည့်စုံလျက်၊ လောဘ ကို ရွံရှာ လျက် ၊ တတ်စွမ်း နိုင်သောသူ တို့ကို လူ အပေါင်း တို့အထဲ က ရွေးကောက် ၍၊ တထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အရာ၌ ခန့် ထားရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
20သူ တို့အားလည်း ပညတ် တရား တော်များကို သင် ချရမည်။ သူ တို့သွား ရာလမ်း ၊ ပြု ရသော အမှု ကိုလည်း ပြ ရမည်။
Read all of ထွက်မြောက်ရာကျမ်း 18
Cross References
Genesis 42:18သုံး ရက်မြောက်သောနေ့ ၌ ယောသပ် သည် သူ တို့ကိုခေါ် ၍ ၊ ငါ သည် ဘုရားသခင် ကို ကြောက်ရွံ့ သောသူဖြစ် ၏။ သို့ဖြစ်၍သင်တို့သည် အသက် ချမ်းသာစေခြင်းငှါပြု ရသောအမှုဟူမူကား၊
Exodus 18:25တတ်စွမ်း နိုင်သောသူ တို့ကို ဣသရေလ အမျိုးထဲက ရွေးကောက် ၍ လူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အသီးအသီးခေါင်း အရာ၌ ခန့် ထားလေ၏။
Numbers 10:4တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။
Deuteronomy 1:15ထိုကြောင့် သင် တို့အမျိုး များ၌ အသရေ ရှိသော လူကြီး ၊ ပညာ ရှိတို့ကို ငါရွေးချယ် ပြီးလျှင် ၊ သင် တို့တွင် မင်း လုပ် ရသောသူတည်း ဟူသောလူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် ၊ အကြပ် အဆော်အရာ ၌ ခန့်ထား၏။
Joshua 22:14လူတထောင် ကိုအုပ် သောအဆွေအမျိုး သူကြီး ဆယ် ပါးတို့ကို ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ စေလွှတ် ကြ၏။
1 Samuel 8:12လူတထောင် အုပ် ၊ တရာအုပ်၊ ငါး ဆယ်အုပ် ၊ တဆယ်အုပ်အရာ၌ ခန့် ထား၍၊ လယ် လုပ်ခြင်း၊ စပါး ရိတ် ခြင်း၊ စစ် တိုက်တန်ဆာ ၊ ရထား တန်ဆာ ကိုလုပ် ခြင်း အမှုများကို ဝေဖန်လိမ့်မည်။