ထွက်မြောက်ရာကျမ်း 19:12
လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့ မတက်၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကို ထိမိသောသူမည်သည်ကား၊ ဧကန်အမှန် အသေခံစေ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 19
Cross References
Exodus 10:28မောရှေကိုလည်း၊ ငါ့ထံမှ ထွက်သွားလော့။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကို မြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။
Exodus 19:23မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ၏။
Exodus 34:3သင်နှင့်အတူ အဘယ်သူမျှ မတက်ရ။ တောင်တပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း ၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
Deuteronomy 2:4သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ၊ သူတို့ သည် ကြောက်ကြလိမ့်မည်။ ထို့ကြောင့် သတိပြုကြ လော့။
Joshua 3:4သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်း ကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ၏။