ထွက်မြောက်ရာကျမ်း 20:19
မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 20
Cross References
Genesis 32:30ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။
Deuteronomy 5:5ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင် ပေါ်သို့ မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာ ရပ်နေ၏။
Deuteronomy 18:16ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့၌ သင်က၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏ စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊
Galatians 3:19သို့ဖြစ်၍ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော မျိုးအနွယ်မဖြစ်မှီ တိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကိုကောင်းကင်တမန်များအား ဖြင့်အာမခံ၏ လက်၌ထားတော်မူ၏။