ထွက်မြောက်ရာကျမ်း 22:30
ထိုနည်းတူ သိုး နွား တို့ကို ပြု ရမည်။ ခုနစ် ရက် ပတ်လုံးသိုးနွားသငယ်ကို အမိ နှင့် အတူ နေ စေ၍၊ အဋ္ဌမ နေ့ ရောက်မှ ငါ့ အား ဆက်ကပ် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 22
Cross References
Exodus 13:12သင်တို့၌ အဦး ဘွား သောသားအပေါင်း တို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန် တို့၏ သားဦး အပေါင်း တို့ကို၊ ထာဝရဘုရား အဘို့ အသီးအခြားခွဲ ထားရကြမည်။ အထီး ရှိသမျှတို့သည်၊ ထာဝရဘုရား ၏ ဥစ္စာဖြစ် ရကြမည်။
Leviticus 7:24အလိုလို သေသော တိရစ္ဆာန်ဆီဥ ၊ သားရဲ ကိုက်၍ သေသော တိရစ္ဆာန်ဆီဥ ကို အခြားသို့ သုံး ရသော်လည်း၊ အလျှင်းမ စား ရ။
Leviticus 11:44ငါ သည် သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ ငါ သည် သန့်ရှင်း သောကြောင့် ၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်း စေ၍ သန့်ရှင်း ခြင်းရှိ ရကြမည်။ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့် မျှ သင် တို့သည် ကိုယ် ကိုကိုယ်မ ညစ်ညူး စေရကြ။
Leviticus 12:3အဋ္ဌမ နေ့ ၌ သားယောက်ျားအား အရေဖျား လှီးခြင်းကို ပြုရမည်။
Leviticus 22:8အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Deuteronomy 14:21အလိုလို သေသောအကောင်ကို မ စား ရ။ သင် တို့၌ တည်းခို သော တပါး အမျိုးသားစားစရာ ဘို့ ပေး ရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်း ရမည်။ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သော လူမျိုး ဖြစ်ကြ၏။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။