ထွက်မြောက်ရာကျမ်း 23:21
ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား တော်ကို နားထောင် လော့။ အာဏာတော်ကို မ ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ လွှတ်။ ငါ့ နာမ သည် သူ ၌ တည်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 23
Cross References
Exodus 6:3ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
Exodus 34:5ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။
Numbers 14:35အကယ်စင်စစ် ငါ တဘက် ၌ စည်းဝေး သော ဤ ပရိသတ် ဆိုး အပေါင်း တို့ကို ထိုသို့ငါပြု ၍ သူတို့သည် ဤ တော ၌ သေကြေ ပျောက်ပျက် ကြ လိမ့်မည်ဟု ငါ ထာဝရ ဘုရား မိန့် တော်မူ၏။
Joshua 24:19ယောရှု ကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ် မ ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။
Psalms 2:12သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။
Psalms 78:40သူတို့သည် ကိုယ်တော် ကို တော ၌ ပုန်ကန် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ စိတ် တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။