ထွက်မြောက်ရာကျမ်း 26:36
တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 26
Cross References
Exodus 27:16ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။
Exodus 35:11တဲတော်နှင့်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကို၎င်း၊
Exodus 36:37တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
Exodus 40:5နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
Numbers 3:25ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊
2 Samuel 7:6ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ၍ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ။