ထွက်မြောက်ရာကျမ်း 28:12
ကျောက် အိုးတို့ကို ရွှေ နှင့်လုပ် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
13အဆုံး၌တပ်ရသောကြိုး နှစ် ပင်တို့ကို ရွှေ စင် နှင့်ကျစ် ၍ လုပ် ပြီးမှကျောက်အိုး ၌ တွဲ ရမည်။
Read all of ထွက်မြောက်ရာကျမ်း 28
Cross References
Exodus 12:14ဤ နေ့ရက် သည်လည်း သင် တို့အောက်မေ့ စရာဘို့ ဖြစ် ၍ ၊ သင် တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံ ရကြမည်။ ပညတ် တော်ရှိသည်ဖြစ်၍ ၊ ထိုပွဲ ကို အစဉ် အမြဲခံရကြမည်။
Exodus 28:7သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်း ကိုလည်း ၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို၎င်းလုပ် ရမည်။
Exodus 39:6ရှဟံ ကျောက် နှစ်လုံးကို သွေး ၍ တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့ဣသရေလ အမျိုး ၏ နာမ တို့ကို အက္ခရာတင် ပြီးမှ၊ ရွှေ ကျောက်အိုး ၌ ထည့် လေ၏။
Numbers 16:40ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
Joshua 4:7သင်တို့က၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ယော်ဒန် မြစ်ကို ကူး သောအခါ ၊ သေတ္တာတော်ရှေ့ မှာ မြစ် ရေ ပြတ် လေသည်ဟု ပြန်ပြော ရကြမည်။ ထိုသို့ ဤ ကျောက် တို့သည် အစဉ်မပြတ် ဣသရေလ အမျိုးသား အောက်မေ့ စရာဘို့ ဖြစ် ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊
Psalms 89:19တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်း သူတို့ကို ဗျာဒိတ် တော်အားဖြင့် မိန့် မြွက်တော်မူသည်ကား၊ အားကြီး သောသူသည် ကူမ မည် အကြောင်း ငါခန့်ထား ပြီ။ လူစု ထဲ က ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက် ပြီ။