ထွက်မြောက်ရာကျမ်း 28:2
အာရုန်သည် ငါ့ ရှေ့ မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအခွင့်ရှိ၍၊ သူ့ ကို သန့်ရှင်း စေခြင်းငှါ ၊ ငါပေး သော ဉာဏ် ကိုရသော ပညာရှိ အပေါင်း တို့သည် ထိုအဝတ် ကို လုပ် ရမည် အကြောင်း မှာ ထားရမည်။
မြန်မာကျမ်းစာ
In The King James Version
And thou shalt make holy garments for Aaron thy brother for glory and for beauty.
In Context
1သင် ၏အစ်ကို အာရုန် ၌ ဘုန်း အသရေထင်ပေါ်စေခြင်းငှာ ၊ သန့်ရှင်း သော အဝတ် ကို လုပ် ၍ပေး ရမည်။
Read all of ထွက်မြောက်ရာကျမ်း 28
Cross References
Exodus 19:5ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
Exodus 29:5အဝတ်တန်ဆာ များကိုယူ ၍၊ အင်္ကျီ ၊ ဝတ်လုံ ၊ သင်တိုင်း ၊ ရင်ဖုံး နှင့် အာရုန် ကို ဝတ် စေ၍၊ ထူးဆန်းသောသင်တိုင်း ရင်စည်း နှင့် စည်း ရမည်။
Exodus 29:29အာရုန် ၏ သန့်ရှင်း သော အဝတ် တန်ဆာကို၊ သူ ၏သား တို့သည် အမွေခံ သဖြင့်၊ ဆီလိမ်း ခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသောအခါ၊
Exodus 39:1သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ၊ ဝတ် ရသောအဝတ် ကို၎င်း၊ အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်နှင့် လုပ် လေ၏။
Leviticus 8:7အာရုန်ကို အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ ၊ ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။
Numbers 20:26အာရုန် ၏အဝတ် ကို ချွတ် ၍ သူ ၏သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် ထို အရပ်၌သေ ၍ မိမိလူမျိုးစည်းဝေး ရာသို့ သွားရမည်ဟု၊