ထွက်မြောက်ရာကျမ်း 28:43
အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်ထဲသို့ ဝင် သော် ၎င်း၊ သန့်ရှင်း ရာအရပ် ဌာန၌ ယဇ် ပလ္လင်အနားသို့ ချည်းကပ် သော် ၎င်း ၊ အပြစ် ရောက် ၍ မ သေ စေခြင်းငှါ ထိုသို့ ဝတ် ရမည်။ အာရုန် မှစ၍ သူ ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသောပညတ် တော် ဖြစ်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 28
Cross References
Exodus 27:21သင် ၏ အစ်ကို အာရုန် သည်၊ ငါ့ ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရမည်အကြောင်း ၊ သူ နှင့် သူ ၏ သား တည်းဟူသောနာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တို့ကို၊ ဣသရေလ အမျိုးသား တို့အထဲ က ရွေးချယ်၍ သင့် အောက်၌ ခန့် ထားလော့။
Leviticus 3:17သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ နေ လေ ရာရာ၌ ဆီဥ ကိုမ စား ရ၊ အသွေး ကို မစားရဟု ထာဝရ ပညတ် တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
Leviticus 5:17တစုံ တယောက်သောသူသည်၊ ထာဝရဘုရား ပညတ် တော်မူသောအမှုတစုံ တခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သော်လည်း အပြစ် ရောက်၍ ထိုအပြစ် ကိုခံရ မည်။
Leviticus 20:19အဘ ၏နှမ ၊ အမိ ၏ညီမ နှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော် ရင်းနှင့် သင့်နေသောသူတို့သည် မိမိ အပြစ် ကိုခံရ ကြမည်။
Leviticus 22:15ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော် ၍ ၊ သန့်ရှင်း သောအရာတို့ကို မ ရှုတ် မချရ။
Numbers 15:15ပရိသတ် အဝင်ဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောတပါးတည်းသော ထုံးစံ ရှိ၍၊ ထာဝရဘုရား ရှေ့ တော်၌ သင် တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ် ရမည်။