ထွက်မြောက်ရာကျမ်း 29:1
သူ တို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း ၊ အဘယ်သို့သန့်ရှင်း စေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွား သငယ် အထီးနှင့် သိုး နှစ် ကောင်တို့ကို၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 29
Cross References
Exodus 20:11အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ အရပ်ရပ် ၌ ရှိသမျှ တို့ကို ခြောက် ရက် တွင် ဖန်ဆင်း ၍ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရား သည် သတ္တမ နေ့ ရက်ကို ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။
Exodus 28:3လုပ် ရသော အဝတ် ဟူမူကား၊ ရင်ဖုံး ၊ သင်တိုင်း ၊ ဝတ်လုံ ၊ ချယ်လှယ်သောအင်္ကျီ ၊ ဗေါင်း ၊ ခါးပန်း တည်း ဟူသောသင် ၏အစ်ကို အာရုန် နှင့် သူ ၏သား တို့သည်၊ ငါ့ ရှေ့ မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း ၊ သန့်ရှင်း သောအဝတ် ကို လုပ် ခြင်းငှါ ၊
Exodus 29:21ယဇ်ပလ္လင် ပေါ် မှာရှိသော အသွေး နှင့် လိမ်း စရာဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း ၊ သူ ၏ သား တို့နှင့် သူ တို့ အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့် ၊ အာရုန် မှစ၍ သား များ၊ အဝတ် များတို့သည် သန့်ရှင်း ကြလိမ့်မည်။
Leviticus 5:15တစုံတယောက် သောသူသည် တရားကိုမသိ၊ ထာဝရဘုရား နှင့်ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှား မိလျှင်၊ ထိုပြစ်မှား ခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသောအပြစ် မပါသော သိုးထီး ကို၎င်း၊ အကျပ် တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ရမည်။
Leviticus 6:13ယဇ် ပလ္လင်မီး သည် အလျှင်းမ သေ ဘဲ၊ အစဉ် မပြတ်လောင် ရမည်။
Leviticus 8:2သင်သည် အာရုန် နှင့် သူ ၏သား များ၊ အဝတ် များ၊ လိမ်း ရန်ဆီ ၊ အပြစ် ဖြေရာ ယဇ်ဘို့ နွား ထီး၊ သိုး ထီးနှစ် ကောင်၊ တဆေး မဲ့ မုန့်တတောင်း ကိုယူ ၍၊