ထွက်မြောက်ရာကျမ်း 32:5
အာရုန် သည် ထိုအမှုကို သိမြင် လျှင် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပလ္လင် ကို တည် ၍ ၊ နက်ဖြန် နေ့သည် ထာဝရဘုရား အဘို့ ပွဲခံ ရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာ စေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 32
Cross References
Exodus 12:14ဤ နေ့ရက် သည်လည်း သင် တို့အောက်မေ့ စရာဘို့ ဖြစ် ၍ ၊ သင် တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံ ရကြမည်။ ပညတ် တော်ရှိသည်ဖြစ်၍ ၊ ထိုပွဲ ကို အစဉ် အမြဲခံရကြမည်။
Exodus 32:4အာရုန်သည်လည်း လက်ခံ ၍ ၊ နွား သငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ် နှင့် ရေးသား ပြီးလျှင် သွန်း လေ၏။ လူများတို့ကလည်း အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောသင် ၏ ဘုရား ဖြစ်တော်မူသည်ဟု ဆို ကြ၏။
Leviticus 23:4အချိန် တန်မှ သင်တို့ကြော်ငြာ ရသော ဓမ္မစည်းဝေး ခြင်းတည်းဟူသောထာဝရဘုရား ၏ ပွဲတော် များ ဟူမူကား ၊
Leviticus 23:37ဤရွေ့ကား ၊ ထာဝရဘုရား ၏ဥပုသ် နေ့၊ ထာဝရဘုရား အား ဆက်ကပ် ရသော အလှူဒါန၊ သစ္စာဂတိ နှင့်ဆိုင်သောပူဇော်သက္ကာ ၊ အလိုလို ပြုသောပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးသီးတို့၌ထာဝရဘုရားအား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ၊ ယဇ် ပူဇော်ခြင်း၊ သွန်းလောင်း ရာပူဇော်သက္ကာကိုပြုစေခြင်းငှါစီရင်ရသောဓမ္မ စည်းဝေးခြင်း၊ ထာဝရဘုရား ၏ပွဲ တော်များဖြစ်သတည်း။
1 Kings 12:32ယုဒ ပြည်၌ ခံသော ပွဲ ကဲ့သို့ အဋ္ဌမ လ တဆယ် ငါး ရက် နေ့တွင် ပွဲ ကိုစီရင် ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ၏။ ထိုသို့ ဗေသလ မြို့၌ စီရင် ၍၊ မိမိလုပ် သော နွား သငယ်တို့အား ယဇ် ပူဇော်၏။ မြင့် သောအရပ်၌ ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကိုလည်း ဗေသလ မြို့မှာ နေရာ ချ၏။
2 Kings 10:20ဗာလ ဘုရားအဘို့ ဓမ္မပွဲ ကို ပြင်ဆင် ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏