The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 34 › ထွက်မြောက်ရာကျမ်း 34:10

ထွက်မြောက်ရာကျမ်း 34:10

ထာဝရဘုရားက၊ ကြည့်ရှု လော့။ ငါ ပဋိညာဉ် ပြု ၏။ မြေကြီး ပေါ်မှာ လူမျိုး ၌ မ ပြု စဖူးသော အံ့ဘွယ် သောအမှုတို့ကို သင် ၏လူမျိုး ရှေ့ မှာ ငါပြု မည်။ သင် တို့အဘို့ ငါ ထာဝရဘုရား ပြု ရသော အမှုသည် ကြောက်မက် ဘွယ်သောအမှု ဖြစ်ကြောင်း ကို သင် ပေါင်းဘော် သော လူ အပေါင်း တို့သည် မြင် ရကြလိမ့်မည်။

မြန်မာကျမ်းစာ

In The King James Version

And he said, Behold, I make a covenant: before all thy people I will do marvels, such as have not been done in all the earth, nor in any nation: and all the people among which thou art shall see the work of the LORD: for it is a terrible thing that I will do with thee.

In Context

9အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ အကျွန်ုပ်အရှင် သည် အကျွန်ုပ် တို့နှင့်အတူ ကြွ တော်မူပါစေသော၊ အကျွန်ုပ်တောင်းပန် ပါ၏။ ဤ လူမျိုးသည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်သော်လည်း ၊ အကျွန်ုပ် တို့ပြစ်မှားမိသော ဒုစရိုက် အပြစ် များကို လွှတ် ၍ အကျွန်ုပ် တို့ကို ကိုယ်တော်အမွေ ဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက် လျှင် ၊

11ယနေ့ ငါ မှာ ထားသော စကားကို မှတ် လော့။ သင့် ရှေ့ မှာ အာမောရိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို ငါ နှင်ထုတ် မည်။

Read all of ထွက်မြောက်ရာကျမ်း 34

Cross References

Exodus 34:27ဤ စကား များကို ရေး ထားလော့။ ဤ စကား များလာသည် အတိုင်း သင် မှစ၍ ဣသရေလ အမျိုးနှင့် ငါပဋိညာဉ် ပြု သည်ဟု မောရှေ အား မိန့် တော်မူ၏။

Deuteronomy 4:32ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသော နေ့ မှစ၍ ၊ သင် တို့မ ဖြစ် မှီ လွန်လေ ပြီးသော ကာလ ပတ်လုံး၊ မိုဃ်း ကောင်းကင်တဘက် မှ တဘက် တိုင်အောင် မေးမြန်းကြလော့။ ဤ မျှလောက်ကြီး သောအမှု ဖြစ် ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြား ဘူးသလော။

Deuteronomy 10:21ထာဝရဘုရားသည် သင် ၏ဂုဏ် အသရေ၊ သင် ၏ဘုရား သခင်ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိ နှင့် မြင် သည်အတိုင်း ၊ ကြောက်မက် ဘွယ်သော အမူအရာကြီး တို့ကို သင့် အဘို့ ပြု တော်မူပြီ။

Deuteronomy 32:30သူ တို့ခိုလှုံစရာကျောက် သည် သူ တို့ကိုမ ရောင်း ၊ ထာဝရဘုရား သည် သူ တို့ကို အပ် တော်မမူလျှင် ၊ လူတယောက် သည် လူတထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ် ယောက်သည် လူတသောင်း ကို အဘယ်သို့ပြေး စေနိုင်မည်နည်း။

Joshua 10:12ထိုသို့ အာမောရိ လူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ် တော်မူသောနေ့ မှာ ၊ ယောရှု သည် ထာဝရဘုရား ကို ဆုတောင်း ပြီးလျှင် ၊ အိုနေ ၊ သင်သည် ဂိဗောင် မြို့၌ ၎င်း ၊ အိုလ ၊ သင်သည် အာယလုန် ချိုင့် ၌ ၎င်း ငြိမ်ဝပ် စွာ နေလော့ဟု ဣသရေလ အမျိုးသားများရှေ့ တွင် မြွက်ဆို သည် အတိုင်း၊

Psalms 65:5အကျွန်ုပ် တို့ကို ကယ်တင် တော်မူသောဘုရား ၊ အကျွန်ုပ် တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ် သော အမှုတို့ကို တရား တော်နှင့်အညီပြ တော်မူ၏။ ကိုယ်တော်သည် ဝေး စွာသော မြေကြီး စွန်း နှင့် ၊ ပင်လယ် စွန်းတို့၌ နေသောသူတို့၏ ကိုးစား ရာ ဖြစ်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 34:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 34:9ထွက်မြောက်ရာကျမ်း 34ထွက်မြောက်ရာကျမ်း 34:11 →