The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 34 › ထွက်မြောက်ရာကျမ်း 34:14

ထွက်မြောက်ရာကျမ်း 34:14

အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

For thou shalt worship no other god: for the LORD, whose name is Jealous, is a jealous God:

In Context

13သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည်။

15သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယ ဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကို ပြ၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ၍ ၎င်း၊

Read all of ထွက်မြောက်ရာကျမ်း 34

Cross References

Exodus 20:5ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊

Exodus 34:5ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရ ဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။

Deuteronomy 5:7ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။

Deuteronomy 6:15သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။

Deuteronomy 32:16သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။

Joshua 24:19ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရား အား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 34:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 34:13ထွက်မြောက်ရာကျမ်း 34ထွက်မြောက်ရာကျမ်း 34:15 →