ထွက်မြောက်ရာကျမ်း 35:29
ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသော အလုပ် အမျိုးမျိုး ရှိသမျှအဘို့ ၊ ဣသရေလ အမျိုးသား တို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော် သော ယောက်ျား မိန်းမ အပေါင်း တို့သည်၊ ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 35
Cross References
Exodus 35:5သင် တို့တွင် ထာဝရဘုရား အား လှူသော အလှူ ကို ပြင်ဆင် ကြလော့။ ကြည်ညို သော စေတနာစိတ် ရှိသမျှ သောသူတို့ သည်၊ ရွှေ ၊ ငွေ ၊ ကြေးဝါ၊
Exodus 36:3သန့်ရှင်း ရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင် စေခြင်းငှာ ၊ ဣသရေလ အမျိုးသား တို့ ဆောင် ခဲ့သော အလှူ ရှိသမျှ ကို ထိုသူတို့သည် မောရှေ လက်မှ ခံ ကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူ ကို နံနက် တိုင်း ထပ်၍ဆောင် ခဲ့ကြသေး၏။
Deuteronomy 11:32ယနေ့ ငါ ထား သမျှ သော စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရကြမည်။
Judges 5:2ဣသရေလ အမျိုး၌ မင်း တို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကိုလှူ သောကြောင့်၎င်း၊ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
1 Chronicles 29:3ငါ ၏ဘုရားသခင် အိမ် တော်၌ငါ့စိတ်နှလုံးစွဲလမ်းသောကြောင့်၊
1 Chronicles 29:9လူ များတို့သည် စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောရှိ၍ ထာဝရဘုရား အား ပူဇော်သောကြောင့် ဝမ်းမြောက် ကြ၏။ ဒါဝိဒ် မင်းကြီး သည်လည်း အလွန်တရာ ဝမ်းမြောက် တော်မူ၏။