The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 6 › ထွက်မြောက်ရာကျမ်း 6:12

ထွက်မြောက်ရာကျမ်း 6:12

မောရှေ ကလည်း ၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ် ပြောသောစကားကို နား မ ထောင်ဘဲ နေသည်ဖြစ်၍ ၊ အရေဖျား လှီးခြင်းကို မခံသောနှုတ် နှင့် ပြောတတ်သော အကျွန်ုပ် ၏စကားကို ဖါရော မင်းသည် အဘယ်သို့ နားထောင် ပါမည်နည်းဟု ထာဝရဘုရား ရှေ့မှာ လျှောက်ဆို ၏။

မြန်မာကျမ်းစာ

In The King James Version

And Moses spake before the LORD, saying, Behold, the children of Israel have not hearkened unto me; how then shall Pharaoh hear me, who am of uncircumcised lips?

In Context

11သူသည် ဣသရေလ အမျိုးသားတို့ကို မိမိ ပြည် မှ လွှတ် ရမည်အကြောင်း ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။

13သို့ရာတွင်မောရှေ နှင့် အာရုန် သည် ဣသရေလ အမျိုးသားတို့ကိုအဲဂုတ္တု ပြည် မှ နှုတ်ဆောင် ရမည် အကြောင်း၊ ထာဝရဘုရား သည် သူတို့ကိုခေါ်၍ ဣသရေလ အမျိုးသားတို့ထံသို့ ၎င်း၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံသို့ ၎င်း စေခိုင်း မှာ ထားတော်မူ၏။

Read all of ထွက်မြောက်ရာကျမ်း 6

Cross References

Exodus 3:13မောရှေ ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုးသား တို့ ရှိရာသို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်သည် ငါ့ ကိုသင် တို့ ရှိရာသို့ စေလွှတ် တော်မူပြီဟု အကျွန်ုပ်ဆို လျှင်၊ သူတို့က၊ ထိုဘုရား သခင်၏ နာမ တော်ကား အဘယ်သို့ နည်းဟု အကျွန်ုပ် ကို ပြန်၍ မေး သောအခါ ၊ အဘယ်သို့ ပြန်ပြော ရပါမည်နည်းဟု ဘုရား သခင်အား မေး လျှောက်လေ၏။

Exodus 4:10မောရှေ ကလည်း ၊ အို ဘုရား ရှင်၊ အကျွန်ုပ် သည် နှုတ် သတ္တိမ ရှိပါ။ အထက် ကလည်း မရှိပါ။ ကိုယ်တော် ကျွန် အား မိန့် တော်မူသောအခါ၌ပင် မရှိပါ။ နှုတ် လေး သောသူ၊ စကား နှေးနှေး ပြောတတ်သောသူဖြစ် ပါ၏ဟု ထာဝရဘုရား အား လျှောက် ဆို၏။

Exodus 5:19ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။

Exodus 6:30မောရှေ ကလည်း ၊ အကျွန်ုပ် သည် အရေဖျား လှီးခြင်းကို မခံသောနှုတ် ရှိသည်ဖြစ်၍ ၊ ဖါရော ဘုရင်သည် အကျွန်ုပ် စကားကို အဘယ်သို့ နားထောင် ပါလိမ့်မည်နည်းဟု ထာဝရဘုရား ရှေ့ မှာ လျှောက်ဆို ၏။

Deuteronomy 30:6သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။

Jeremiah 1:6ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် မ ဟော မပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက် လျှင် ၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 6:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 6:11ထွက်မြောက်ရာကျမ်း 6ထွက်မြောက်ရာကျမ်း 6:13 →