bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 7 › ထွက်မြောက်ရာကျမ်း 7:18
ထွက်မြောက်ရာကျမ်း 7:18
မြစ် ၌ ရှိသောငါး တို့သည်သေ ကြလိမ့်မည်။ မြစ် ရေလည်း နံ လိမ့်မည်၊ အဲဂုတ္တု လူတို့သည်လည်း မြစ် ရေ ကို ရွံ ကြလိမ့်မည် အကြောင်းကို ပြန်ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
And the fish that is in the river shall die, and the river shall stink; and the Egyptians shall lothe to drink of the water of the river.
In Context
17ထာဝရဘုရား က ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့သိ ရမည်နည်းဟူမူကား ၊ ငါ ကိုင် သောလှံတံ နှင့် မြစ် ရေကို ရိုက် ၍ ထိုရေ သည် အသွေး ဖြစ် လိမ့်မည်။
19တဖန် ထာဝရဘုရား သည် မောရှေ ကို မိန့်တော်မူပြန်သည်ကား၊ အာရုန် အား သင် ၏လှံတံ ကိုယူ ၍ အဲဂုတ္တု ပြည်၌ရှိသောချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေ၊ ကန် ရေ၊ တွင်းရေ ရှိသမျှအပေါ် မှာ လက် ကိုဆန့် လော့။ ထို ရေ ရှိသမျှ တို့သည် အသွေး ဖြစ် လိမ့်မည်။ အဲဂုတ္တု ပြည် တရှောက်လုံး ၊ သစ် ခွက်၊ ကျောက် အိုး၌ မျှ မကြွင်း အသွေး ရှိ လိမ့်မည်အကြောင်းကို ပြော လော့ဟု မိန့် တော်မူ၏။
Read all of ထွက်မြောက်ရာကျမ်း 7
Cross References
Exodus 7:24ထိုအခါ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် သောကြောင့် ၊ သောက် ရေ ကိုရခြင်းငှါ မြစ် နား မှာ တွင်းတူး ကြ၏။
Numbers 21:5သင်သည် ငါတို့ကို ဤတော ၌ သေ စေခြင်းငှါ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ မုန့် မ ရှိ၊ ရေ လည်း မ ရှိ၊ ဤပေါ့ပျက် သောစားစရာ ကိုလည်း ငါ တို့သည် အလွန်ရွံရှာ ၏ဟု ဘုရားသခင် နှင့် မောရှေ ကို ဆန့်ကျင်ဘက် ပြု၍ ဆို ကြ၏။
This Verse In Other Editions
Study ထွက်မြောက်ရာကျမ်း 7:18