ထွက်မြောက်ရာကျမ်း 7:20
မောရှေ နှင့် အာရုန် သည် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ၍ ၊ အာရုန်သည် ဖါရော ဘုရင် ရှေ့ ၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချီ ၍ မြစ် ရေ ကို ရိုက် သဖြင့် ၊ မြစ် ရေ ရှိသမျှ သည် အသွေး ဖြစ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 7
Cross References
Exodus 4:9သို့မဟုတ် ထို နိမိတ် နှစ် ပါးကို မ ယုံ ၊ သင် ၏ စကား ကို နား မ ထောင်လျှင် ၊ သင်သည် မြစ် ရေ အချို့ကို ယူ ၍ ကုန်း ပေါ်မှာသွန်း လော့။ ထိုသို့ မြစ် ထဲက ယူ သော ရေ သည် ကုန်း ပေါ်မှာ အသွေး ဖြစ် လိမ့်မည်ဟု မိန့်တော်မူ ၏။
Exodus 7:10မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု သဖြင့်၊ အာရုန် သည် ဖါရော ဘုရင်ရှေ့၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချ ၍ မြွေ ဖြစ် လေ၏။
Exodus 17:5ထာဝရဘုရား ကလည်း ၊ လူ များရှေ့ သို့သွား ၍ ဣသရေလ အမျိုးအသက် ကြီးသူတို့ကိုခေါ် လော့။ မြစ် ကိုရိုက် သော သင် ၏လှံတံ ကိုကိုင် လျက် ၊ ဟောရပ်အရပ်သို့သွား လော့။
Numbers 20:8လှံတံတော် ကို ကိုင် ယူ၍ သင် ၏အစ်ကို အာရုန် ပါလျက်၊ ပရိသတ် များကို စုဝေး စေလော့။ သူ တို့ရှေ့မှာ ကျောက် ကိုမှာထား လော့။ ကျောက်သည် မိမိ ရေ ကိုပေး လိမ့်မည်။ ထိုသို့ သင်သည် ကျောက် ထဲက ရေ ကို ထွက် စေ၍ ၊ ပရိသတ် များနှင့် သူ တို့တိရစ္ဆာန် များတို့အား သောက် ဘို့ ရေကို ပေးရမည်ဟု၊
Psalms 105:29သူ တို့ရေ များကို အသွေး ဖြစ်စေ ၍ ၊ ငါး များကို သေ စေတော်မူ၏။
Revelation 8:8ဒုတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီး လောင် သော တောင် ကြီး ကို ပင်လယ် ထဲသို့ ချ လိုက်သကဲ့သို့ ဖြစ်၍ ၊ ပင်လယ် သုံးစု တစ်စုသည်အသွေး ဖြစ် ၏။