ထွက်မြောက်ရာကျမ်း 9:23
မောရှေ သည် မိမိ လှံတံ ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ ထာဝရဘုရား သည် မိုဃ်းကြိုး နှင့် မိုဃ်းသီး ကို လွှတ် တော်မူ၏။ မီး သည်လည်း မြေ ပေါ် မှာပြေး လေ၏။ ထိုသို့ ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် ၌ မိုဃ်းသီး ရွာ စေတော်မူသဖြင့်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 9
Cross References
Exodus 20:18လူ အပေါင်း တို့သည် မိုဃ်းချုန်း ခြင်း၊ လျှပ်ပြက် ခြင်း၊ တံပိုး သံ မြည်ခြင်း၊ တောင် ထဲကမီးခိုး ထွက်ခြင်း အကြောင်းအရာတို့ကို မြင် သောအခါ ၊ ကြောက် သောကြောင့် ရွှေ့၍ အဝေး ၌ ရပ် နေကြ၏။
1 Samuel 12:17ယနေ့ ဂျုံ စပါးရိတ် ရာ ကာလဖြစ်သည် မ ဟုတ်လော။ သို့သော်လည်းထာဝရဘုရား ကို ငါဆုတောင်း ၍ မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေတော်မူမည်။ သို့ဖြစ်၍ သင် တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် ထာဝရဘုရား ရှေ့ တော်၌ ပြစ်မှား မိသော အပြစ် သည် ကြီး ကြောင်း ကို ရိပ်မိ သိမြင် ရကြမည် ဟု လူများတို့အား ပြောဆိုပြီးလျှင်၊
Job 38:22သင်သည် မိုဃ်းပွင့် ဘဏ္ဍာတိုက် ထဲ သို့ ဝင် ဘူး သလော ။
Psalms 29:3ထာဝရ ဘုရား၏ အသံ တော်သည် သမုဒ္ဒရာ ပေါ် မှာ ရှိတော်မူ၏။ ဘုန်းကြီး တော်မူသောဘုရား သခင် သည် မိုဃ်းချုန်း တော်မူ၏။ ထာဝရဘုရား သည် များစွာ သောရေ ပေါ် မှာ ရှိတော်မူ၏။
Psalms 78:47သူ တို့စပျစ် နွယ်ပင်များကို မိုဃ်းသီး ဖြင့် ၎င်း၊ သူ တို့ သဖန်း ပင်များကို နှင်းခဲ ဖြင့် ၎င်း ဖျက်ဆီး တော်မူ၏။
Psalms 147:17မိမိ မိုဃ်းသီး ကို စားနုတ် စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်း စေတော်မူခြင်းကို အဘယ်သူ ခံ နိုင် သနည်း။