ယေဇကျေလအနာဂတ္တိကျမ်း 1:4
ငါကြည့်ရှု၍၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 1
Cross References
Exodus 19:16သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
Deuteronomy 4:11သင်တို့သည် အနီးတော်သို့ ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုဃ်းကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသော အဆင်း၊ မိုဃ်းတိမ်တိုက်၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
2 Kings 2:11ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
2 Chronicles 7:1ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့်၏။
Psalms 18:11မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။
Psalms 97:2မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား ၏ ပတ်ဝန်းကျင်တို့၌ရှိကြ၏။ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာ ဖြစ်၏။