ယေဇကျေလအနာဂတ္တိကျမ်း 12:13
ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ ကျော့ကွင်း၌ ကျော့မိစေသည်။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကို မမြင်ရ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 12
Cross References
Job 18:10မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။
Psalms 11:6မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
Jeremiah 34:3သင်သည် ထိုမင်းလက်နှင့်မလွတ်ရ။ စင်စစ် သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
Jeremiah 50:24အို ဗာဗုလုန်မြို့၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။
Jeremiah 52:11ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ၏။
Lamentations 3:47အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။