bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 13 › ယေဇကျေလအနာဂတ္တိကျမ်း 13:15
ယေဇကျေလအနာဂတ္တိကျမ်း 13:15
ထိုသို့အုတ်ရိုး၌၎င်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌၎င်း၊ ငါသည်ကိုယ်အမျက်ကို ဖြေမည်။ အုတ်ရိုး မရှိဟူ၍၎င်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊
1835 Judson Burmese Bible
In The King James Version
Thus will I accomplish my wrath upon the wall, and upon them that have daubed it with untempered morter, and will say unto you, The wall is no more, neither they that daubed it;
In Context
14ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြ လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။
16ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့ အဘို့ ငြိမ်သက်ခြင်း ရူပါရုံကို မြင်၍ ဟောပြောသော ဣသရေလပရောဖက်များမရှိကြဟူ၍၎င်း၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 13
Cross References
Psalms 62:3သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။
Jeremiah 14:15ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
This Verse In Other Editions
Study ယေဇကျေလအနာဂတ္တိကျမ်း 13:15