The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 13 › ယေဇကျေလအနာဂတ္တိကျမ်း 13:6

ယေဇကျေလအနာဂတ္တိကျမ်း 13:6

အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရ ဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက်၊ လှည့်စား၍ပရောဖက်ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ။

1835 Judson Burmese Bible

In The King James Version

They have seen vanity and lying divination, saying, The LORD saith: and the LORD hath not sent them: and they have made others to hope that they would confirm the word.

In Context

5ဣသရေလအမျိုးသည် ထာဝရဘုရား၏ နေ့ ရောက်မှစစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက် အပေါ်သို့တက်၍၊ ပြုပြင်ခြင်းအမှုကို မပြုဘဲ နေကြ၏။

7ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက်၊ အချည်းနှီးသော အရာကိုမြင်ကြပြီ မဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ် လော့။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 13

Cross References

1 Kings 22:6ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။

1 Kings 22:15ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မချီဘဲနေကောင်းသလောဟုမေးလျှင်၊ မိက္ခာက၊ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။

1 Kings 22:37ထိုသို့ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။

Jeremiah 5:31ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြော ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့် မည်နည်း။

Jeremiah 23:31မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

Jeremiah 28:2ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 13:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 13:5ယေဇကျေလအနာဂတ္တိကျမ်း 13ယေဇကျေလအနာဂတ္တိကျမ်း 13:7 →