ယေဇကျေလအနာဂတ္တိကျမ်း 14:21
ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့၌ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် ခြင်းငှါ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 14
Cross References
Isaiah 51:19အစာခေါင်းပါး ၍ လူဆိတ်ညံခြင်းဘေး၊ ထား ဖြင့် ဖျက်ဆီး ခြင်းဘေးတည်းဟူသောဘေးနှစ် ပါးတို့သည် သင် ၏အပေါ်မှာ ရောက် လာသည်ဖြစ်၍၊ သင့် အတွက် အဘယ် သူငိုကြွေး မြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာ ပေးနိုင်သနည်း။
Ezekiel 5:12သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။
Ezekiel 5:17သင် တို့ကို လုယက် နှိပ်စက်ရသောမွတ်သိပ် ခြင်း ဘေး၊ သားရဲ ဘေးကို ငါလွှတ် လိုက်၍ ၊ ထား ဘေးကိုလည်း ရောက် စေသဖြင့် ၊ နာ ဘေး၊ အသေ သတ်ခြင်းဘေးတို့ သည် လွှမ်းမိုး သောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါ ထာဝရဘုရား သည် မိန့် တော်မူ၏။
Ezekiel 14:13အချင်းလူသား ၊ ပြည် သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ ကို ပြစ်မှား သောကြောင့် ၊ ငါ သည်လက် ကို ဆန့် ၍ မုန့် အထောက် အပင့်ကို ချိုး သဖြင့် ၊ အစာ အာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူ နှင့် တိရစ္ဆာန် တို့ကို ပယ် ဖြတ်လျှင် ၊
Ezekiel 14:17သို့မဟုတ် ၊ အိုထား ၊ ထို ပြည် ကိုလုပ်ကြံလော့ဟု ငါဆို လျက် ၊ ထား ဘေးကို ရောက် စေသောကြောင့်၊ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် လျှင် ၊
Ezekiel 33:27တဖန်အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ငါ အသက်ရှင် သည်အတိုင်း၊ ပျက်စီး သော အရပ်၌ နေသော သူတို့ သည် ထား ဖြင့် လဲ ၍ သေရ ကြလိမ့်မည်။ လွင်ပြင် ၌ ရှိသောသူတို့ ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စား စေမည်။ ရဲတိုက် ဥမင် ၌ ရှိသော သူတို့ သည် ကာလနာ နှင့် သေ ရကြလိမ့်မည်။