ယေဇကျေလအနာဂတ္တိကျမ်း 2:5
သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 2
Cross References
Ezekiel 2:7သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။
Ezekiel 3:11သိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသား ချင်းတို့ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ဟု၊ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
Ezekiel 3:26သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှါ၊ စကားအလျက်သင့် လျှာကိုအာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။
Ezekiel 17:12ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။
Ezekiel 33:9သို့မဟုတ်။ လူဆိုးကိုသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ။
Ezekiel 44:6ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊