The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 20 › ယေဇကျေလအနာဂတ္တိကျမ်း 20:40

ယေဇကျေလအနာဂတ္တိကျမ်း 20:40

အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလ အမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်း လက်ခံ၍၊ ထိုအရပ် ၌ သင်တို့ပြုသောပူဇော်သက္ကာများ၊ အဦးသီးသော အသီးတွင်ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။

1835 Judson Burmese Bible

In The King James Version

For in mine holy mountain, in the mountain of the height of Israel, saith the Lord GOD, there shall all the house of Israel, all of them in the land, serve me: there will I accept them, and there will I require your offerings, and the firstfruits of your oblations, with all your holy things.

In Context

39အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သွားကြလော့။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။

41သင်တို့သည် ကွဲပြားလျက်နေသော အတိုင်း တိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့်တပါးအမျိုး သားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 20

Cross References

Psalms 68:15ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊

Isaiah 56:7ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့။

Isaiah 66:20ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

Jeremiah 31:12ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။

Ezekiel 37:22ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ် စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။

Joel 3:17ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာနေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 20:40

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 20:39ယေဇကျေလအနာဂတ္တိကျမ်း 20ယေဇကျေလအနာဂတ္တိကျမ်း 20:41 →