ယေဇကျေလအနာဂတ္တိကျမ်း 21:14
သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီး လော့။ ထား တော်သည် နှစ် ခေါက်၊ သုံး ခေါက် ရောက်ရ၏။ သူရဲ ထား ၊ အားကြီး သော သူရဲ ထား ဖြစ်၏။ သူ တို့ကိုဝန်းရံ သော ထားဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Leviticus 26:21သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင်ဘက် ပြုလျှင် ၊ သင် တို့အပြစ် အလျောက် ခုနစ် ဆ သောဘေး ကြီးကို ငါသက်ရောက်စေမည်။
Numbers 24:10ထိုအခါ ဗာလက် မင်းသည်၊ ဗာလမ် ကို အမျက် ထွက် ၍ လက်ခုပ်တီး လျက်၊ ငါ ၏ ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့၏။ သင်သည် သုံး ကြိမ် တိုင်အောင် အကြွင်းမဲ့ကောင်းကြီး ပေးလေပြီတကား။
1 Kings 22:25မိက္ခါ က၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
2 Kings 24:10ထို ကာလ ၌ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန် တို့သည် ယေရုရှလင် မြို့သို့စစ်ချီ ၍ ဝိုင်း ထားကြ ၏
Jeremiah 47:7အာရှကေလုန် မြို့နှင့် ပင်လယ် ကမ်း အမှု၌ ထာဝရဘုရား မှာထား တော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ် စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှါခန့်ထား တော်မူ၏။
Ezekiel 8:12တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလ အမျိုး အသက်ကြီး သူ အသီးအသီး တို့သည် မှောင်မိုက် ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ်လေပြီဟု ဆိုကြ၏။