ယေဇကျေလအနာဂတ္တိကျမ်း 21:25
အချင်းဆိုးယုတ် သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မ အမှုကြောင့်ဆုံးရှုံး ရသောကာလ ရောက် သောအခါ ၊ သင်၏အချိန် ကာလသည် ရောက် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
And thou, profane wicked prince of Israel, whose day is come, when iniquity shall have an end,
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Psalms 7:9မတရား သောသူတို့ ၏ အဓမ္မ အမှုကိုဆုံးရှုံး စေ၍ ၊ တရား သောသူတို့ကိုမြဲမြံ စေတော်မူပါ။ တရား သဖြင့် ပြုတော်မူသောဘုရား ၊ ကိုယ်တော်သည် နှလုံး နှင့် ကျောက်ကပ် ကို စစ် တော်မူတတ်ပါ၏။
Psalms 48:13ရင် တားတို့ကို မှတ် ၍ဘုံ ဗိမာန်များကိုလည်း ဆင်ခြင် ကြလော့။
Jeremiah 49:1အမ္မုန် အမျိုးသား တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ ၌ သား မ ရှိ သလော ။ အမွေခံ မ ရှိသလော။ မိလကုံ ဘုရားသည် ဂဒ် ပြည်ကို အဘယ်ကြောင့် သိမ်းယူ သနည်း။ သူ့ တပည့် တို့သည် ဂဒ်မြို့ တို့၌အဘယ်ကြောင့်နေ ကြသနည်း။
Jeremiah 51:13များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။
Ezekiel 7:6ဆုံး ခြင်းဘေးရောက် လာ၏။ ဆုံး ခြင်းဘေး ရောက် လာ၏။ သင့် ကို စောင့် လျက် ရောက် လာ၏။
Ezekiel 21:29သူ တို့ကဲ့ရဲ့ ခြင်းကို၎င်းရည်မှတ် ၍မိန့် တော်မူသော စကားကို ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသောကာလ ရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေ သတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်း ပေါ်မှာ ၊ သင့် ကိုနေရာ ကျစေခြင်းငှါ ၊ သင့် အဘို့ အချည်းနှီး သောအရာကိုကြည့်မြင် ၍၊ မုသာ စကားကိုဟောပြော စဉ်တွင်၊ ထား တော်သည် လုပ်ကြံ ဘို့ရာထုတ် လျက်ရှိ၏။ ဖျက်ဆီးဘို့ရာအရောင် တောက် သည်တိုင်အောင်ပြောင် စွာပွတ်လေပြီ။