ယေဇကျေလအနာဂတ္တိကျမ်း 21:4
ထိုသို့သင် ၌ တရား သောသူ၊ မတရား သောသူတို့ ကို ပယ်ဖြတ် စရာအကြောင်းရှိသောကြောင့် ၊ ငါ့ ထား သည် တောင် ဘက်မှ သည် မြောက် ဘက်သို့တိုင်အောင်၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ရန်ဘက်ပြု ၍ မိမိ အိမ် မှ ထွက် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Ezekiel 6:11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ပြုမိသမျှ သော ရွံ့ရှာဘွယ်အမှုဆိုး တို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ် တီးလော့။ ခြေ နှင့် ဆောင့်လော့။ အကြောင်း မူကား ၊ သူတို့သည်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ဘေး တို့ဖြင့် လဲ ၍ သေကြလိမ့်မည်။
Ezekiel 20:47အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တောင် ပြည်၌ရှိသောတော အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင် ၌ မီး ကိုညှိ မည်။ သင်၌ စိမ်းလန်း သောအပင် ၊ သွေ့ခြောက် သောအပင် ရှိသမျှ လောင် လိမ့်မည်။ တောက် သော မီးလျှံ သည်မ ငြိမ်း ရ။ တောင် ဘက်မှ သည် မြောက် ဘက်သို့ တိုင်အောင် မြေတပြင်လုံး လောင် လိမ့်မည်။
Ezekiel 21:10ထက်၍ အထူးသဖြင့်လုပ်ကြံ စေခြင်းငှါသွေး လေပြီ။ ပြောင်၍ အရောင် တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့ သား ၏ ရာဇလှံတံ ကြောင့် ရွှင်လန်း ခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သား ရှိသမျှ ကို မထီမဲ့မြင်ပြု တတ်၏။